Type your summary here.ပြင်ဆင်ခြင်း မပြီးဆုံးနိုင် Type the rest of your post here.

ဗိုလ်ချုပ်အောင်ဆန်း ( အာဇာနည်သူရဲကောင်း)

ပြည်ထောင်စု မြန်မာနိုင်တော်ကြီး၏ ဖခင်၊ လွပ်လပ်ရေးဗိသုကာကြီး ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း သည်သက္ကရာဇ် ၁၂၇၆ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် (1915 ခု ၊ ဖေဖော်ဝါရီလ 13 ရက်) စနေနေ့တွင် မကွေးခရိုင်၊ နတ်မောက်မြို့၊ အဖ အမိန့်တော်ရ ရှေ့နေ ဦးဖာ ၊ အမိ ဒေါ်စု တို့မှ ဖွားမြင်သည်။


အသက်ခုနှစ်နှစ်အရွယ် နတ်မောက်မြို့၊ ဆရာတော် ဦးသောဘိတ၏ ကျောင်းတွင် ပညာသင်၍ အသက်၁၄ နှစ်အရွယ်တွင် ရေနံချောင်းမြို့ အမျိုးသားအထက်တန်းကျောင်းသို့ ကူးပြောင်းသင်ကြားရာ ၁၉၃၂ ခုနှစ် အသက် ၁၈ နှစ်တွင် အထက်တန်းပညာကို အောင်မြင်၍ ထိုနှစ်ဇွန်လမှာပင် ရန်ကုန် တက္ကသိုလ်သို့ရောက်ရှိလေသည်။


၁၉၃၅ ခုနှစ်တွင် တက္ကသိုလ် သမဂ္ဂ အမှု့ဆောင်နှင့် သမဂ္ဂမှထုတ်ဝေသော အိုးဝေစာဆောင် စာတည်းအဖြစ်

ဆောင်ရွက်သည်။ ၁၉၃၆-၃၇ ခုနှစ်တွင် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရပြီးနောက် ၁၉၃၇-၃၈ ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌအဖြစ်ရွေးကောက်တင်မြှောက်ခြင်း ခံရပြန်လေသည်။


ဤသို့ ကျောင်းသားအရေးများကို မဆုတ်မနစ် ရှေ့ဆောင်ခေါင်းရွက်ခဲ့ပြီးနောက် ၁၉၃၈ ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားဥက္ကဋ္ဌအဖြစ်မှ ထွက်၍ ဒို့ဗမာ အစည်းအရုံးသို့ ၀င်ရောက်ပြီးလျှင် အတွင်းရေးမှူးအဖြစ်နေ့ည မနား ဆောင်ရွက်လေသည်။

၁၉၃၉ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားလာရာမှ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးသည် နယ်ချဲ့တို့လက်အောက်မှရှင်းရှင်းကြီးလွတ်မြောက်ရမည်ဟူသော အဓိဋ္ဌာန်ဖြင့် ၁၉၄၀ ပြည့်နှစ် ၊ သြဂုတ်လတွင် မြန်မာပြည်ပြင်ပသို့ ထွက်သွားပြီးနောက် မြန်မာပြည် လွတ်လပ်ရေးရစေရမည် ဟူသော ဂျပန်အစိုးရ၏ ကတိကိုယူ၍ ရဲဘော်သုံးကျိပ်နှင့်အတူစစ်ပညာကို သင်ကြားပြီးလျှင် ၁၉၄၁ ခု၊ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ယိုးဒယားပြည် ဘန်ကောက်မြို့၌ ဗမာ့လွတ်လပ်ရေး တပ်မတော်ကို ဖွဲ့စည်းလေသည်။

ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း ကြီးမှူးရှေ့ဆောင်သော ဗမာ့လွတ်လမ်ရေးတပ်မတော်သည် ဂျပန်စစ်တပ်များနှင့် အတူ ပူးတွဲချီတက်လာပြီးနောက် နယ်ချဲ့များလက်မှ မြန်မာနိုင်ငံတော်ကြီးကို ပြန်လည် သိမ်းပိုက်လေသည်။ သို့သော်ဂျပန်စစ်တပ်သည် ကတိဖောက်ဖျက်ရုံသာ မက ပြည်သူလူထုအပေါင်းတို့အား ညှဉ်းပန်းနှိပ်စက်မှုများကို ပြုကျင့်သဖြင့်ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာ့တပ်မတော်ကြီးနှင့်တကွ တစ်ပြည်လုံးကို ခေါင်းဆောင်လျှက်၁၉၄၅ခု ၊မတ်လ ၂၇ ရက်နေ့တွင် ဖက်စစ်ဂျပန်တို့အား အတိအလင်းစစ်ကြေညာ၍ သုတ်သင်ရှင်းလင်းပြီးလျှင် လူထုကြီးတရပ်လုံးကို ဖက်စစ်တို့၏ ကြမ်းကြုတ်ရက်စက်မှုဘေးမှ ကယ်တင်လိုက်လေသည်။

ဖက်စစ်ဂျပန်များ ဆုတ်ခွာပြေးကြပြီးနောက် ဗြိတိသျှတပ်များ ၀င်ရောက်လာရာ၌လည်း ဗြိတိသျှ တို့သည်မြန်မာပြည်ကိုကျွန်သက်ရှည်စေမည့် စက္ကူဖြူစာတန်းကို ယူလာကြပြန်သည် ။ဗိုလ်ချုပ် အောင်ဆန်း သည် ဖက်စစ်ဂျပန်တို့ကို တော်လှန်ခဲ့သော “ ဖ ၊တ ၊ပ ၊လ ” ခေါ် ဖက်စစ်တိုက် ဖျက်ရေးပြည်သူ့လွတ်လပ်ရေး အဖွဲ့ကြီးကို အမျိုးသားတပ်ပေါင်းစုကြီး အဖြစ် ပြန်လည်ဖွဲ့ စည်းလျှက်လွပ်လပ်ရေး အောင်လံကြီးကို လွှင့်ထူ၍ လွတ်လပ်ရေးတိုက်ပွဲကြီးဆင်နွှဲလေသည်။ ထို့နောက်ယာယီ ကြားဖြတ်အစိုးရ အဖွဲ့အတွင်းသို့ ၀င်ရောက်ဆောင်ရွက်၏။ ဗြိတိသျှတို့ထံ လွတ်လပ်ရေးအတွက် အရေးဆိုရာ ၁၉၄၆ ခု၊ ဒီဇင်ဘာလ၊ ၂၀ ရက်နေ့တွင် ဘိလပ်သို့ ဖိတ်ကြားခြင်းခံရပြီးလျှင်၁၉၄၇ ခု၊ ဇန်န၀ါရီလ ၂ ရက်နေ့တွင် ဘိလပ်သို့ သွားရောက်ခဲ့သည်။ သို့လျှင် ဗြိတိသျှအစိုးရ၏ ဖိတ်မန်ချက်အရသွားရမည့်ဆဲဆဲတွင် “ ခါးတောင်းကျိုက် မဖြုတ်ကြနှင့် ” ဟု ပြည်သူလူထုအား အသင့်ရှိစေရန် မှာကြားခဲ့သည်။ ပြီးနောက် အင်္ဂလန်ပြည်၊ လန်ဒန်မြို့သို့ တက်ရောက်ကာ လွပ်လပ်ရေးအတွက် အရေးဆို ၍ “ အောင်ဆန်း အတ္တလီ ” စာချုပ်ကို ချုပ်ဆိုခဲ့ပြီးလျှင်” တစ်နှစ်အတွင်း လွတ်လပ်ရေး ရရမည်“ ဟူသော ရဲရဲတောက် ကတိကြီးကို ပြည်သူလူထုအား ပေးလေသည်။ ထို့နောက် ပင်လုံတွင် တစ်ပြည်ထောင်လုံး ညီညွတ်ရေးကြီးကို ခိုင်မြဲစွာ အုတ်မြစ်ချပြီးနောက် တနိုင်ငံလုံး ကိုယ်စားလှယ်များ ပါဝင်သော တိုင်းပြုပြည် ပြု လွှတ်တ်ာကြီးကို ရွေးကောက်ဖွဲ့စည်း၍ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်ုးအုပ်ချုပ်ပုံး အခြေခံ ဥပဒေ ကြီးကို ရေးဆွဲခဲ့လေသည် ။


ထိုသို့ ပြည်သလူထုကြိး တစ်ရပ်လုံးကို လမ်းပြခေါင်းဆောင်လျှက် မိမိ ၏ အသက်စည်းစိမ်ကို မြူတခြမ်းမျှ ပမာမြုပု ဘဲ ပြည်သူလူထ ၏ အကျိုးအတွက် ပြည်ထောင်စုကြီး၏ အကျိုးကိုသာ မျက်မှောက်ပြုလျှက် အပြင်းအထန် ကျိုးစားဆောင်ရွက်နေဆဲမှာပင် ၁၉၄၇ ခု၊ ဇူလိုင် ၁၉ ရက်နေ့၌ လူမသမာတို့၏ လက်ချက်ဖြင့် ပြည်သူလူထု၏ ဖခင် ကျေးဇူးရှင်ကြီးသည် လွပ်လပ်ရေးတိုကပွဲတွင် ကျဆုံးခဲ့ရလေသည်။

ယုံကြည်ချက်နှင့် သတ္တိဗလ

ရှင်မဟာ ရဋ္ဌသာရရဲ့ အနုသာသနာ ဆုံးမစာမှာ ယုံကြည်ချက် ဖြစ်ပေါ်လာတဲ့ စိတ် သတ္တိကို ဒီလိုဖွဲ့ဆိုပါတယ် ။
သေရှင်အရေး ၊ နှစ်ထွေးမရည် ၊ စွန့်အံ့သည်ဟု
ဆောက်တည်သောလျှောက် ၊ စွန့်ခွင့်ရောက်မူ
ရွံ့ကြောက်မဲ့ထွန် ၊ အရှင့်ဝန် ဠ် ၊ ကုမ္ဘာန် ယက္ခ
သီဟခြင်္သေ့ ၊ ရင်ဆိုင်တွေ့လည်း ၊ ခါ၍ မဆွန့်
အသက်စွန့်လော့ ၊ အ၀ှန့်နောင်လာ ၊ လူတကာတို့
ပြောရာ ဥဒါန်း ၊ ကမ္ဘာထွန်းသို့
မော်ကွန်းဖြစ်လျင်း၊ လေစေမင်း ။ ။
ဒီလင်္ကာမှာ အရှင့်ဝန် ဆိုတာက တိုင်းပြည်ရဲ့တာဝန်ကို ပြောတာပါ ။ လောကရဲ့ သစ္စာ အမှန်တရားအတွက်ကို မဆိုထားနှင့်၊ ရွှေတောင်တက်သမားလူစွန့်စားဟာ တိုင်းပြည် တာဝန် ကို ဆောင်ရွက်ရာမှာပင် ဘယ်လိုရန်သူတွေ အခက်အခဲနှင့်ပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ နောက်မတွန့်ပါနှင့် ။ အသက်ကို စွန့်သင့်တဲ့ အခါမှာ စွန့်ပြီး ဆောင်ရွက်ပါ ။ ဒီလို ဆောင်ရွက် ခြင်း အမှု့(ပြုသောကံ) သည်သာ နောက်လာ နောက်သားတို့အဖို့ ပြောစရာ အဖြစ် ဥဒါန်းတွင် ပါလိမ့်မယ် ။ မော်ကွန်း တွင်ရစ်ပါလိမ့်မယ် လို့ ဆရာတော်က ဆုံးမထားခြင်း ဖြစ်ပါတယ်။
ကျွန်တော်တို့သည် အရှင့်ဝန် (တိုင်းပြည်တာဝန်) အတွက် လုပ်သင့်လုပ်ထိုက်သော အလုပ်တို့ကို ဆရာတော် ဆုံးမသကဲ့သို့ အသက်ပင်စွန့်သင့်က စွန့်၍ သမိုင်းမော်ကွန်း တစ်ခု ရေးထိုးကြပါစို့ ။ ။